Tagged: weight loss

ကိုယ်အလေးချိန်ကျဖို့ လမ်းဘယ်လောက်လျှောက်ပေးသင့်သလဲ

ကိုယ်အလေးချိန်လျှော့ချတဲ့အခါ ခြေကုန်လက်ပန်းကျနေအောင် ပြေးနေဖို့ သို့မဟုတ် gym အကြာကြီးကစားဖို့  လိုတယ်ဆိုတာ အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။ လမ်းလျှောက်ခြင်း သို့မဟုတ် အပျော်ခြေလျင် ခရီးထွက်ခြင်းတို့မှာလည်း အလားတူ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ – ၁ နာရီ ၄ ကီလိုမီတာနှုန်းလျှောက်ပါက ကယ်လိုရီ ၄၀၀ လောင်ကျွမ်းပါတယ်။ ဒီနေရာမှာ fitness gadget တွေ အသုံးတည့်နိုင်ပါတယ်။ ခြေလှမ်း ၂,၀၀၀ ခန့်ရှိတဲ့ ၁ ကီလိုမီတာခရီးနဲ့တင် ကယ်လိုရီ...

ဝိတ်ချတဲ့ အလေ့အကျင့်ကို ရပ်လိုက်သင့်ပြီဆိုတာ သိသာသွားစေတဲ့ အချက် (၅) ချက်

ဝိတ်ချရတာ ပင်ပန်းပါတယ်။ စားချင်တာ မစားရ၊ လုပ်ချင်တာ မလုပ်ရတဲ့အတွက် စိတ်ပင်ပန်းတာက အဆိုးဆုံးပေါ့။ ဒါပေမယ့် သင်ကတော့ အဲ့ဒီလိုမဖြစ်တော့ပါဘူး။ ၀ိတ်ချတဲ့အလေ့အကျင့်ကို ကျင့်သားတောင်ရနေပြီ။ ခက်ခဲပင်ပန်းမှုလည်း မရှိတော့ဘူး။ ဒါပေမယ့် ထင်သလောက် ၀ိတ်ကကျမသွားဘူးဆိုရင် ဒီဝိတ်ချနည်း၊ အထူးသဖြင့် အစားရှောင်တဲ့နည်းက ကိုယ့်အတွက် မထူးခြားဘူးဆိုရင်တော့ လုပ်နေရာကနေ ရပ်နားသင့်ပြီပေါ့။ ဘယ်အချိန်တွေမှာ သင်ဝိတ်ချတဲ့ အလေ့အကျင့်ကို ရပ်ပစ်လိုက်သင့်သလဲဆိုတော့ ၁။နေ့လည်စာအတွက်သင်သွားလေ့ရှိတဲ့ဆိုင်က အဆီမပါတဲ့ smoothie လိုဖျော်ရည်ရောင်းတဲ့ ဆိုင်မျိုးပေါ့။...

မှားယွင်းတဲ့ ၀ိတ်ချနည်းတွေဟာ သင့်ကို ၀ိတ်ကျမသွားစေပဲ ပိုဝိတ်တက်စေနိုင်

ဝိတ်ချချင်လို့ GYM ကို အပြင်းအထန် ကစားနေတာ တစ်လကျော်ပြီ။ ၀ိတ်က ကျမသွားလို့ စိတ်ညစ်နေတာလား။ ဒါမှမဟုတ် အစားအသောက်နဲ့ ဆိုင်တဲ့ ၀ိတ်ချနည်းတွေနဲ့လည်း ချကြည့်သေးပေမယ့် အဆင်မပြေဘူး ဖြစ်နေတာမျိုးလား။ ဘယ်လို ၀ိတ်ချနည်းလမ်းအမှားတွေက သင့်ကို ပိုတောင်ဝိတ်တက်စေသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ၁။ချက်ချင်းကြီး ဘာမှမစားပဲ နေလိုက်ခြင်း အစားအသောက်စနစ်ကို တစ်ဖြည်းဖြည့်လျော့သွားမယ့်အစား ချက်ချင်းကြီးဘာမှမစားပဲ နေလိုက်ခြင်းဟာ ၀ိတ်ကျသွားဖို့ အလားအလာထက် အားနည်းပြီး နေမကောင်းဖြစ်ဖို့ အလားအလာ ပိုများသွားပါလိမ့်မယ်။...

ကိုယ်အလေးချိန် လျှော့နေသူတွေအတွက် သတင်းဆိုး၊ ရေသောက်တိုင်း ၀ိတ်မကျဟုဆို

ကိုယ်အလေးချိန် လျှော့ချနေသူ တော်တော်များများမှာ ရေပိုသောက်ရင် ကိုယ်အလေးချိန် ပိုကျမယ်ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ပိန်ဖို့အတွက် ရေသောက်တာဟာ ယုံတမ်းသက်သက်ပဲလို့ အာဟာရ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Beth Kitchinက ဆိုပါတယ်။ Alabama တက္ကသိုလ်က ဒေါက်တာ Beth Kitchinရဲ့ ဖော်ပြချက်အရ ရေသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျဖို့အတွက် ပဉ္စလက်နည်းတစ်ရပ် မဟုတ်ဘူးလို့ သိရပါတယ်။ “ရေသောက်လို့ ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ သက်သေက သိပ်နည်းပါတယ်။ ကိုယ့်ဘာသာကိုယ် လက်ခံထားတဲ့...