လည်ပတ်လို့ အကောင်းဆုံးနိုင်ငံစာရင်းရဲ့ နံပါတ်(၃)နေရာတွင် မြန်မာနိုင်ငံရှိနေ
ပျော်စရာကောင်းတဲ့နှစ်သစ်ဖြစ်ပါစေ။ခရီးသွားရတာကို နှစ်သက်ကြသူတွေအနေနဲ့ (၂၀၁၇)ရဲ့အားလပ်ရက်တွေမှာ ဘယ်ကိုသွားရမလဲ စဉ်းစားရခက်နေရင် အံ့အားသင့်စရာရှုခင်းအလှတွေနဲ့ ခရီးသွားလို့အကောင်းဆုံးနိုင်ငံ(၁၀)နိုင်ငံ ကို ဖော်ပြပေးချင်ပါတယ် (၁)သီရိလင်္ကာ ဘုရားကျောင်းတွေ၊လိပ်တွေ၊ငှက်တွေ၊ကမ်းခြေတွေ၊မဆလာဟင်းနဲ့ယဉ်ကျေးမှုတွေရှိနေသလို၊ကမ္ဘာ့အကောင်းဆုံးလက်ဖက်ရည်တစ်ချို့ကိုပါ မြည်းစမ်းခွင့်ရ မယ့်နေရာတစ်ခုပါ။အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံဖြစ်ပြီး၊ယူနက်စကိုရဲ့ အမွေအနှစ် စာရင်းဝင်နေရာ(၈)ခု၊ဆင်၊ကျားသစ်၊မိကျောင်းနဲ့ကျွဲရိုင်းတွေကိုလည်း တွေ့မြင်လည်ပတ်နိုင်မှာပါ။ Uda Walawe အမျိုးသားဥယျာဉ်မှာတော့ ဆင်တွေအများ ကြီး တွေ့မြင်ရမှာဖြစ်ပြီး၊ကမ်းရိုးတန်းအလှနဲ့ရှေးဟောင်းအဆောက်အအုံတွေကိုတော့ ကမ်းရိုးတန်းခံတပ်မြို့ Galle မြို့မှာခံစားနိုင်မှာဖြစ်ပါတယ်။ (၂)မွန်တီနီဂရို မွန်တီနီဂရိုနိုင်ငံဟာ Balkan(အရှေ့တောင်ဥရောပရဲ့ ယဉ်ကျေးမှုနယ်မြေ၊ Balkan ကျွန်းဆွယ်)နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။တောင်တန်းတွေ၊ အလယ်ေ ခတ်လာက်ကကျေးရွာတွေနဲ့ကမ်းခြေတွေတည်ရှိရာ နိုင်ငံဖြစ်ပါ...