Tagged: Thet Mon Myint

ဥပါယ်တံမျဉ် ဇာတ်ကားက ဇာတ်ရုပ်ကို လျှို့ဝှက်ထားချင်တဲ့ သက်မွန်မြင့်

Central Base ထုတ် လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီ  ရိုက်ကူးသည့် ‘ဥပါယ်တံမျဉ်’ရုပ်ရှင်ဇာတ်ကား တွင် ၎င်းသရုပ်ဆောင်နေကျ ဇာတ်ရုပ်မဟုတ်ဘဲ ထင်မှတ် မထားသော ပုံစံဖြစ်၍ ပရိသတ် များအား လျှို့ဝှက်ထားလို ကြောင်း သက်မွန်မြင့်က ပြော သည်။ ‘‘အဲဒီကားထဲမှာ သက်မွန်ကို မထင်မှတ်ထားတဲ့ ပုံစံနဲ့တွေ့ရ မယ်။ သူ အဲဒီလိုမျိုးကြီးလားဆိုပြီး ဖြစ်သွားမယ့် ကားလေးပေါ့။ သက်မွန်လည်း မျှော်လင့်ထား တယ်။...

၅လပိုင်းမှာ အနုပညာအလုပ်တွေပြန်လုပ်သွားမယ်လို့ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်ရဲ့ အကယ်ဒမီဆုအပေါ်ခံစားချက်

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်မှာ အာဒံ၊ ဧ၀၊ ဒသ ဇာတ်ကားနဲ့အမျိုးသမီးဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် မနေ့ညကကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ၂၀၁၆ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို ချစ်လှစွာသောအမုန်းဇာတ်ကားနဲ့ထပ်မံရရှိခဲ့ပါတယ်။ အကယ်ဒမီပေးပွဲမတိုင်ခင်မှာလဲ အနုပညာသမားအချင်းချင်း အကယ်ဒမီနဲ့ပတ်သက်တဲ့ ဝေဖန်မှု၊ တိုက်ခိုက်မှုတစ်ချို့ကိုခံခဲ့ရတဲ့ သက်မွန်မြင့်ဟာ အေးအေးဆေးဆေးပဲ ဖြတ်သန်းခဲ့သလို အကယ်ဒမီနဲ့ပတ်သက်ပြီး မျှော်လင့်ထားခြင်းမရှိဘူးလို့လဲသိရပါတယ်။ အမျိုးသမီးဇာတ်ဆောင်ဆုကြီးပဲ ရရှိပိုင်ဆိုင်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီသက်မွန်မြင့်ရဲ့ အကယ်ဒမီစင်မြင့်ထက်မှာ ဖွင့်ဟပြောပြသွားခဲ့တဲ့ ရင်ဖွင့်စကားသံများကတော့ Copyright: သက်မွန်အရမ်းကိုပျော်ပါတယ်။ သက်မွန်ကိုချစ်တဲ့ပရိသတ်တွေ၊...

အနက်ရောင်ဖက်ရှင်နဲ့ အကယ်ဒမီပွဲတက်မယ့် သက်မွန်မြင့်

၂၀၁၆ အတွက် ‘ချစ်လှ စွာသောအမုန်း’ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုရရှိ မည်ဟု ထင်ကြေးပေးခံရသော သက်မွန်မြင့်က ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသို့ အနက်ရောင်ဖက်ရှင် ဖြင့် တက်ရောက်မည်ဖြစ်သည်။ ‘‘သူက ကလေးမွေးပြီးခါစ ခန္ဓာကိုယ်ကလည်း နည်းနည်း ပြည့်နေတော့ အနက်ရောင်လေး ဝတ်ရင် သူ့ဟာသူလည်း Confi-dence ရှိမယ်၊ စိတ်လုံခြုံမှုရှိမယ် လို့လည်း စိတ်ကူးတယ်။ နောက် ပြီး သူက ခါးနာနေတော့ သက် သောင့်သက်သာဖြစ်ရမယ်။ သူ့...

ဒုတိယရင်သွေးလေးကို လွယ်ထားရတာ တစ်လကျော်နေပြီဖြစ်တဲ့ သက်မွန်မြင့်က ကားရိုက်ပြန်နားမယ်ဆိုတဲ့အကြောင်း ဖွင့်ဟလာ

အနုပညာသက်တမ်း ၁၆ နှစ်အတွင်းမှာ ပထမရင်သွေး အားချစ်လေးကို မွေးပြီးတဲ့ချိန် ပရိသတ်အများရဲ့ တောင်းဆိုမှုကြောင့် ဇာတ်ကားများပြန်လည်ရိုက်ကူးနေရာကနေ လက်ရှိအချိန်မှာ ဒုတိယရင်သွေးလေးကို လွယ်ထားရတဲ့အတွက် နောက်ဆုံးကားကြီးအနေနဲ့ လက်စားချေနတ်သမီးကားပြီးရင် ကားရိုက်တွေပြန်နားမယ်ဆိုတဲ့အကြောင်း သက်မွန်မြင့်ကပြောလာပါတယ်။ ရင်သွေးလေး လွယ်ထားရတဲ့အတွက် ရှုတင်ပေါ်မှာ ပင်ပန်းသလို ကျန်းမာရေးလဲ သိပ်မကောင်းတာကြောင့် ကားရိုက်နားမှာဖြစ်ပြီး ဓာတ်ပုံလောက်ပဲ ရိုက်ဖြစ်လိမ့်မယ်လို့ပြောလာတဲ့သက်မွန်မြင့်ကို ဒုတိယရင်သွေးလေးနဲ့ပတ်သက်တဲ့ ခံစားချက်တစ်ချို့ကို မေးမြန်းကြည့်တဲ့အခါ “ပျော်ပါတယ်။ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒါက လိုချင်တိုင်းရတာလဲ...