Tagged: relationships

စကားပြောရိုင်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန်ပြောနိုင်မယ့် စကား (၅) ခွန်း

သူတို့ရိုင်းတိုင်း ကိုယ်ပြန်ရိုင်းစရာမလိုဘူးနော်။ အချင်းချင်း ပြောဆိုဆက်ဆံတဲ့အခါ စကားကို ကြမ်းကြမ်းတမ်းတမ်းမပြောဖို့၊ မရိုင်းပျဖို့ လူကြီးသူမတွေက ဆုံးမကြတယ်။ ဒေါသအရမ်းထွက်လာရင်တော့ မရပါဘူး။ ပြောရင်းနဲ့ စကားကြမ်းသွားရော။ တချို့တွေကျတော့လည်း အမြဲတမ်းစကားကို ရိုင်းရိုင်းပြောတယ်။ ပြောပုံဆိုပုံကလည်း ဘယ်တော့မှအချိုးမပြေဘူး။ ဒီလိုလူတွေနဲ့တွေ့လာရင် ဘယ်လိုပြန်ပြောကြမလဲ။ ၁။ အချိုးမပြေတဲ့လုပ်ဖော်ကိုင်ဖက် အလုပ်ထဲက အဆင်မပြေစရာတွေကို ခေါင်းထဲ တစ်ချိန်လုံးထည့်ထားမနေပါနဲ့။ ဒေါသကြီးနဲ့ အိပ်ရာဝင်ရတာ မကောင်းဘူး။ ဒီလိုမျိုး ပြောလို့ဆိုလို့အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်ကို အီးမေးလ်ကပဲပြောမယ်လို့ အကြောင်းပြန်လိုက်ပါ။...

စစ်မှန်တဲ့ ဆက်ဆံရေးမှာ နှစ်ဦးသားတည်ရှိနေလား သိနိုင်တဲ့ နည်းလမ်းအသွယ်သွယ်

ချစ်သူ၊ အိမ်ထောင်ဖက်တွေကြား ဆက်ဆံရေးဟာ အထူးသဖြင့် ၂၁ ရာစုအရောက်မှာ ပရိယာယ်မာယာတွေနဲ့ပါ။  တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက်ကြ၊ ပြန်ချစ်လိုက်ကျနဲ့။ ပြီးပြည့်စုံနေတဲ့ ဆက်ဆံရေးကတော့ ရှားပါးသလို ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ဒီနေ့ခေတ်ကြီးမှာ နှုတ်ကတိက၀တ်တွေ၊ တစ်ဦးကိုတစ်ဦး ချုပ်နှောင်ထားတဲ့ စာချုပ်စာတမ်းတွေဟာ နှစ်ဦးသား ဆက်ဆံရေး အဆင်ပြေမပြေ ဖော်ပြနိုင်တဲ့ အညွှန်ကိန်းတွေ မဟုတ်တော့ပါဘူး။ ဒီတော့ စစ်မှန်တဲ့ ဆက်ဆံရေးအနေအထား နှစ်ဦးသား ပိုင်ဆိုင်ထားသလားဆိုတာ သိရှိနိုင်တဲ့ နည်းလမ်းအသွယ်သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။...

အမြဲတမ်းပျော်ရွှင် အဆင်ပြေနေတဲ့ စုံတွဲတွေ ပြုမူလေ့ရှိတဲ့ အကျင့်(၁၀)မျိုး

အဆင်ပြေပြေနဲ့ ပျော်ရွှင်နေကြတဲ့ စုံတွဲအများစုဟာ သူတို့ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဥယျာဉ်တစ်ခုလိုပဲ ထိန်းသိမ်းလိုတဲ့ ဆန္ဒရှိကြပါတယ်။ ဒီအထဲကမှ သူတို့အမြဲပြုမူလေ့ရှိတဲ့ အမူအကျင့်(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အမြဲပဲ ပျော်ရွှင်နေကြတဲ့ စုံတွဲအများစုဟာ အိပ်ရာဝင်ချိန်ကို အတူတကွ သတ်မှတ် ထားရှိလေ့ရှိကြတယ်လို့ စိတ်ရောဂါ အထူးကုဆရာဝန် Dr. Mark Goulston ကဆိုပါတယ်။ ဒီလိုမျိုး အိပ်ရာဝင်ချိန်ကို သတ်မှတ်ထားရှိခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုမိုနွေးထွေးမှုရှိပြီး ကတောက်ကဆဖြစ်မှုတွေကို လျော့ပါးစေနိုင်တယ်လို့...

ဒေါသကြီးတဲ့ ကောင်မလေးကို ချစ်မိနေတယ်ဆိုရင်

ကျွန်တော့်ကောင်မလေးကို ချစ်ပေမဲ့ သူစိတ်ကြီးတာကိုတော့ မကြိုက်ဘူးဆိုတဲ့ ကောင်လေးတွေ ရှိတတ်ပါတယ်။ ကောင်မလေး စိတ်ကျေနပ်အောင် လိုက်လျောအလျော့ပေးရတာများလာရင် ကောင်လေးတွေက ငြီးငွေ့လာတတ်ပါတယ်။ ဒီအချစ်ရေးကိုလည်း အဆုံးမသတ်ချင်ဘဲ ကိုယ့်အပေါ် မကြာခဏ ဆူပူအော်ဟစ်တာ၊ အကြောင်း မရှိအကြောင်းရှာပြီး ရစ်တာတွေကို အဆုံးသတ်ချင်တယ်ဆိုရင် ကြိုးစားကြည့်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ သူက ကိုယ့်အပေါ် အရင်ကရော အလိုမကျဖြစ်လေ့ရှိလားဆိုတာ ဆန်းစစ်ကြည့်ပါ။ အရင်က မဖြစ်ဘဲ အခုနောက်ပိုင်းမှ ဖြစ်လာတာဆိုရင် ကိုယ့်ကိုယ့်ကိုယ် အရင်မေးကြည့်လိုက်ပါ။ ကိုယ်ကရော...