Tagged: Pregnancy Health

ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်အရမ်းတိုးတဲ့ မိခင်တွေရဲ့ရင်သွေးဟာ ဖွံ့ဖြိုးမှုနွေးကွေး

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ၂ ယောက်စာ စားတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒါကို ကျွမ်းကျင်သူတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင် ရဲ့ လွန်ကဲတဲ့ အစားအသောက်တွေဟာ ကလေးငယ်ရဲ့ နောင်တစ်ချိန်မှာ ဖွံ့ဖြိုးမှုအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ် အလေးချိန်တက်လာတဲ့ မိခင်တွေဟာလည်း နောင်တစ်ချိန်မှာ ကျန်းမာရေး ပြသနာများစွာကို ရင်ဆိုင်ရလိမ့်မယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလို ကိုယ်ဝန်ဆောင်နေစဉ်မှာ အလေးချိန်တက်လာတဲ့ မိခင်တွေက...

ထက်မြက်တဲ့ကလေးလေးကို ကျန်းကျန်းမာမာမွေးဖွားနိုင်ဖို့

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်ဖြစ်သူအတွက်ရော မိမိရဲ့ ရင်သွေးအတွက် အထူးအရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ မွေးဖွားလာမယ့် ကလေးငယ်လေးရဲ့ အနာဂတ်ဟာ မိခင်အပေါ်မှာ လုံးလုံးမဟုတ်တောင် ၉၀% နှုန်းခန့် တည်မီနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်တွေဟာ မိခင်တိုင်းလိုလို လုပ်ဆောင်နိုင်ပြီး မမွေးဖွားသေးတဲ့ ကလေးငယ်အပေါ်မှာပါ ကောင်းကျိုး သက်ရောက်မှုရှိနိုင်မယ့် နည်းလမ်းတွေကို လေ့လာမှုတွေ၊ သုတေသနတွေ ပြုလုပ်ပြီး ရှာဖွေခဲ့ကြပါတယ်။ ထက်မြက်ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်ဖြစ်အောင် မိခင်ရဲ့ ၀မ်းဗိုက်ထဲမှာ...

ကိုယ်ဝန်ဆောင်စဉ် လူသိနည်းသော သတိပြုစရာအချက်များ

ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ဆရာဝန်တွေ၊အသိတွေ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေး မိခင်တွေ၊ ကိုယ့်မိသားစုဝင်တွေက ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုပြီး ၀ိုင်းဂရုစိုက်ကြပါလိမ့်မယ်။ ကိုယ်ဝန်သုံးလလောက်ဆိုရင် ဘယ်လိုဖြစ်လာမယ်၊ ဘာတွေရှောင်ရတော့မယ် စသဖြင့်ပေါ့။ ဒါပေမယ့် ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသူတွေအနေနဲ့ ဘယ်သူကမှလည်း သူတို့ကို ပြောလေ့ပြောထမရှိတဲ့ အချက်လေးတွေ ရှိနေပါတယ်။ သိလည်းသိသင့်ပါတယ်။ ခုပြောပြပေးမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်တဲ့အရာတွေကို ကိုယ်ဝန်ဆောင်ဖူးတဲ့အမျိုးသမီးတွေက ပြန်လည်ဝေငှာပေးထားတာမို့ တစ်ချက် ဖတ်ကြည့်လိုက်ပါဦး။ ၁။ကိုယ်လည်း ကိုယ်ဝန်ဆောင်ဖြစ်ရော ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခြားကိုယ်ဝန်ဆောင်တွေကို အရင်ထက်...

ကိုယ်ဝန်ဆောင်ချိန် မိခင် ဆီးချိုရောဂါကို ထိန်းချုပ်မှုကြောင့် ကလေးဦးနှောက် ထိခိုက်နိုင်

အမျိုးအစား(၁)ဆီးချိုရောဂါရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွေးအတွင်း သကြားဓာတ်ပါဝင်မှု ကောင်းမွန်စေရန် ထိန်းချုပ်ခြင်းက ၎င်းတို့ကလေးငယ်များ ကျောင်းနေစဉ် ကောင်းကျိုးများအတွက် ခြားနားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဒိန်းမတ်နိုင်ငံမှ သုတေသနပြုချက်အသစ်တစ်ရပ်အရ သိရသည်။ အမျိုးအစား(၁)ဆီးချိုရောဂါရှိသော မိခင်များက မွေးလာသော ကလေးငယ်များသည် ကျောင်းနေချိန်တွင် အခြားကလေးငယ်များ နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့် စွမ်းဆောင်ရည်အဆင့် တူညီမှုရှိ ကြသော်လည်း ဆီးချိုရောဂါရှင်မိခင်များက မွေးသော ကလေးငယ် များသည် ၎င်းတို့မိခင်ကိုယ်ဝန်ဆောင်ထားချိန်နှင့် ယင်းမတိုင်မီ သွေးထဲ သကြားဓာတ်ပါဝင်မှုကို...