Tagged: New Brief

လူငယ်တွေအနေနဲ့ စိတ်ညစ်စရာတွေများပြီး စိတ်ဓာတ်ကျလာပြီဆိုရင် လုပ်သင့်တဲ့အရာများ

လူတိုင်းမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာကိစ္စတွေဆိုတာ မကြာခဏဆိုသလိုရှိနေတတ်ပါတယ်။ ဒီလိုမျိုးတွေရှိလာခဲ့ပြီဆိုရင်လည်း အကောင်းဆုံးနည်းလမ်းနဲ့ ပြန်လည်ဖြေရှင်းတတ်ဖို့ကလည်း အရေးကြီးလွန်းပါတယ်။ စိတ်ညစ်စရာတွေဆိုတာ ခေါင်းထဲကြာကြာထည့်ထားလေ ကိုယ့်အတွက်နစ်နာမှုတွေ ပိုများလာလေဖြစ်တာကြောင့် စိတ်ညစ်စရာတွေရှိနေတဲ့ လူငယ်တွေအတွက်ဖြေရှင်းရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (1) မနက်စောစောထပါ စောစောမထတတ်တဲ့သူတစ်ယောက်ဆိုရင်လည်း စောစောထနိုင်အောင် ကြိုးစားပါ။ မနက်ပိုင်းစောစောအိပ်ရာထတာက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ဖိစီးနေတဲ့စိတ်တွေကိုလည်း လျော့နည်းသွားစေမှာပါ။ မနက်ပိုင်းမှာ စောစောထလေ့ကျင့်ခန်းလေးလုပ်ပြီး စိတ်ညစ်စရာကိစ္စတွေကို မေ့နိုင်သလောက်မေ့ထားလိုက်ပါ။ (2) မကောင်းတဲ့ Relationship တစ်ခုနေရုန်းထွက်လိုက်ပါ Relationship...

လူအများကြားဆွဲဆောင်မှုရှိစေဖို့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းများ

လူတိုင်းက ဆွဲဆောင်မှုရှိတယ် လို့ အပြောခံရတာကို အတော်သဘောတွေ့တတ်ကြပါတယ်။ ရုပ်ချောတာနဲ့ ဆွဲဆောင်မှုရှိတာမတူပါဘူး။ သာမန်ရုပ်ရည်ရှိတဲ့သူတွေတောင် ဆွဲဆောင်မှုရှိနေရင် လူအများကြား ထင်းကနဲဖြစ်ပြီး ပေါ်လွင်နေတတ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။ သွားဖြူဖြူလေးတွေ လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ ပြောဆိုဆက်ဆံကြတဲ့အခါ နှုတ်ဆက်တဲ့အခါမှာ စကားလုံးတွေထွက်ကျလာတတ်တဲ့ နှုတ်ခမ်းလေးကို အရင်ဆုံးသတိထားမိတာပါ။ ပထမဆုံးတွေ့ဆုံချိန်မှာသာ ဖြူဖွေးတောက်လက်နေတဲ့ သွားလေးတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် သင်ဟာ သူတို့ရဲ့အမှတ်ပေးစာရင်းထဲ တစ်ပြေးနေမှာပါပဲ။ သွားဖြူဖြူလေးတွေက သင့်ကို ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်စေတဲ့ ပထမဆုံးအချက်ပါ။ ဆံပင်စတိုင် ဖိုသီဖတ်သီ...

အဖိုးတန်လက်ဝတ်ရတနာများကို အိမ်တွင်ပင် လွယ်လင့်တကူသန့်ရှင်းရေလုပ်နိုင်စေဖို့

အချိန်ကြာလာသည်နှင့်အမျှ အရောင်မှေးမှိန်သွားသော မိမိတို့ရဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာများကို ပြန်လည်တောက်ပ၀င်းလက်လာနိုင်စေရန်အတွက် နည်းလမ်းကောင်းလေးတွေကို သိထားရပါမယ်။ စိန်ကိုတောက်ပလာစေဖို့ သွားတိုက်ဆေးကို အသုံးပြုနိုင်ပြီး ရွှေအတွက် ဘီယာ၊ ငွေအတွက်အချဉ်ရည်ကဲ့သို့သော အိမ်တွင်းနည်းလေးတွေကို သိရှိထားမယ်ဆိုရင် ဆိုင်သွားပို့ထားရလို့ မိမိပစ္စည်းပျောက်ရှပျက်စီးမှာကိုလည်း ပူစရာမလိုတော့ပါဘူး။ ထို့ကြောင့် အချိန်အနည်းငယ်လေးပေးရုံဖြင့် အဖိုးတန်လက်ဝတ်ရတနာများကို မိမိကိုယ်တိုင်စိတ်ချလက်ချသန့်ရှင်းရေးလုပ်နိုင်စေရန် နည်းလမ်းကောင်းလေးအချို့ကို မျှဝေပေးလိုက်ရပါတယ်။ ပုလဲများ ပုလဲဖြူများဟာ သိသိသာသာညစ်ထေးနေပြီဆိုပါက Woolite ပျော်ဝင်နေသော ၁.၁၄ လီတာခန့်ရှိသည့်ရေထဲတွင် ၁၀-၁၅ စက္ကန့်ခန့်စိမ်၍ နူးညံ့သောချည်ထည်ဖြင့်...

၂၀၁၇ တွင်ထားရစ်ခဲ့သင့်သည် ဖက်ရှင်အသွင်များ နှင့် ၂၀၁၈ အတွက်စတိုင်အသစ်များ

ဖက်ရှင်သည် စက်ဝိုင်းပုံသဏ္ဍာန်ကဲ့သို့ပင် လည်ပတ်နေသည်ဟု လူအများကပြောကြသော်လည်း ခေတ်ပေါ်ဖက်ရှင်ရေစီးကြောင်းများမှာတော့ အင်မတန်လျင်မြင်စွာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့်အတွက် အချို့အရာများသည် အချိန်တိုအတွင်းမှာပင် ဒိတ်အောက်သွားနိုင်ပါတယ်။ ဖက်ရှင်ကမ္ဘာသည် နှစ်တိုင်းနှစ်တိုင်း စည်းမျည်းအသစ်များကို အစဉ်အမြဲဖန်တီးနေပါတယ်။ ထိုစည်းမျဉ်းများကို တသွေမသိမ်းလိုက်နာခြင်းမဟုတ်သော်လည်း ရောက်ရှိလာတော့မည့် နှစ်သစ်အတွက် ခေတ်ပေါ်ဖက်ရှင်များကို ဖန်တီးနေလျက်ရှိသည့် သူများ၏စိတ်ကူးစိတ်သန်းများကို ဖော်ပြပေးချင်ပါတယ်။ ဟာသဆန်သည့်စာသားပါတီရှပ်များ နှင့် အဓိပ္ပာယ်အပြည့်ဆောင်ပုဒ်ပါတီရှပ်များ ၂၀၁၇ တွင် ရွှတ်နောက်နောက်နိုင်သောစာသားများပါ တီရှပ်များဝတ်ဆင်သည့်အကျင့်ကို ၂၀၁၈ တွင် စွန့်ပစ်လိုက်ပါ။ မိမိ၏အတွေးနှင့်အမြင်ကို ၀တ်ဆင်ထားသည့်အ၀တ်အစားက...

ဒီလောက်ကောင်းတဲ့ ပို့စ် ကိုမှ မကြည့်ပဲ ကျော်သွားရင် မင်း ဘယ်လိုပို့စ်မျိုးကို ကြည့်ချင်တာလဲ?

ဒီလောက်ကောင်းတဲ့ စာကိုမှ မဖတ်ပဲ ကျော်သွားရင် မင်းဘယ်လိုစာမျိုးကို ဖတ်ချင်တာလဲ?ဖတ်ကြည့်လိုက်ပါ မင်း ဘ၀ အတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ သူတို့ဘ ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့ လူ တွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေ အပေါင်းအသင်း တွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစု ရှိမှ...