Tagged: Nails

လက်သည်းအလှ မပျက်စီးစေဖို့ မလုပ်သင့်တဲ့အရာများ

ကင်မ်ကာဒါရှီယန်နဲ့ ကိုင်လီဂျန်နာတို့ အပါအဝင် နာမည်ကျော်တွေရဲ့ လက်သည်းတွေကို ပုံဖော် ပန်းချီဆွဲပေးနေတဲ့ ဘရစ်တနေတိုကျိုရဲ့ အကြုံပြုချက်ဖြစ်ပါတယ်။ “ဘယ်သူ့ကိုမှ လက်သည်းဆိုးဆေးတွေကို ဆွဲခွာတာ မလုပ်စေချင်ဘူး” လို့ ဘရစ်တနေက ပြောပါတယ်။ “ရိုးရိုးလက်သည်းဆိုးဆေးပဲဖြစ်ဖြစ်၊ လက်သည်းပန်းချီပဲဖြစ်ဖြစ် ဆွဲမခွာပါနဲ့။ ဆွဲခွာလိုက်ရင် မူလလက်သည်းတွေကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်။ လက်သည်းဖျက်ဆေးနဲ့ပဲ အမြဲဖျက်ပါ” လို့ သူမက အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် လက်သည်းကို လုံးဝမကိုက်သင့်ဘူးလို့လည်း သူမက ပြောခဲ့ပါတယ်။ တကယ်လို့...

လက်သည်းညှပ်တဲ့အခါ ဒါလေး သတိထားသင့်

ကျွန်ုပ်တို့ အများစုအဖို့ လက်သည်းပြုပြင် ထိန်းသိမ်းရတာကလည်း အလှအပ ထိန်းသိမ်းခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ လက်သည်းကို သေချာတိတိပပ ညှပ်ထားပြီး ပဲ့ရာကင်းတဲ့ လက်သည်းက အကောင်းဆုံးပါ။ လက်သည်းတွေ အဝါရောင်ပြောင်းလာနေတာ ဒါမှမဟုတ် အလွှာတွေ ကွာကျနေရင် လက်သည်း ပြုစုထိန်းသိမ်းမှု ပုံစံလေးပြောင်းချင် စိတ်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အပေါ်ယံလွှာအောက်မှာ ဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာက ဘာလဲ။ အလှပြင်ဆိုင်တို့မှာ လုပ်နေကျအရာက လက်သည်းရင်းရှိ အရေမာအရစ် ဖြတ်ပစ်ခြင်းပဲ...

လက်သည်း အရှည်ထားမယ်ဆို ဒါလေးတွေ သိသင့်

ကိရိယာလို မသုံးနဲ့ လက်သည်းရှည်ထားမယ်ဆို လက်သည်းကို ကိရိယာတစ်ခုလိုမသုံးပါနဲ့။ တစ်ခုခုဖွင့်ဖို့၊ တစ်ခုခုဖောက်ဖို့ ၊ တစ်ခုခု လုပ်ဖို့ မသုံးပါနဲ့။ ဒီအတိုင်းမထားနဲ့ လက်သည်းရှည်လာပြီဆို လက်သည်းကို တစ်ခုခု လိမ်းထားသင့်ပါတယ်။ ဘာမှမလိမ်းဘဲ ဒီအတိုင်းထားတာဟာ ကျိုးလွယ်ပဲ့လွယ် ဖြစ်ပါတယ်။ စိုစွတ် ဆေးပညာဆိုင်ရာ Mayo Clinic ရဲ့ အဆိုအရ လက်သည်းရှည်ထားတဲ့အခါ အရေးပါတဲ့ အချက်တစ်ချက်ဟာ လက်သည်းတွေကို စိုစွတ်အောင် ထားဖို့ပါ။ လက်သည်းလိမ်းတဲ့ အဆီတွေ...

လက်သည်းခွံပုံစံတွေက ပြောပြတဲ့ သင့်အကြောင်း

လက်သည်းခွံတွေကနေ ကျန်းမာရေးအခြေအနေ သိနိုင်သလို သူဘယ်လိုလူစားလဲဆိုတာကိုပါ သိနိုင်ပါတယ်။ လူတစ်ယောက်မှာ လက်သည်းဆိုတာ ဖွက်ထားလို့ မရစကောင်းတဲ့ အရာဆိုတော့ လက်သည်းကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ အကြမ်းဖျဉ်း စိတ်နေသဘောထားကို သိနိုင်ပါလိမ့်မယ်။ ၁)ချွန်သော လက်သည်းခွံ သင်ဟာ ရဲရင့်မယ်။ ယုံကြည်မှုရှိမယ်။ ကိုယ့်အယူအဆနဲ့ ထင်မြင်ချက်တွေပေးဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမယ့်သူ မဟုတ်ဘူး။ သူများရဲ့ အကြံဥာဏ်နဲ့ အမြင်တွေကိုလည်း တန်ဖိုးထားတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ခေါင်းမာပေမယ့် သင့်မှာ...