Tagged: Fruit

သရက်သီးစားခြင်းရဲ့ အံ့ဖွယ်အကျိုးများ

ဒူးရင်းသီးလို ဒညင်းသီးလို တချို့အသီးအနှံတွေကို အနံ့တောင် မခံနိုင်အောင် မကြိုက်တဲ့လူတွေ အများကြီးရှိတတ်ပေမဲ့ သရက်သီးကိုတော့ မကြိုက်ဘူးလို့ဆိုတဲ့သူ ရှားမယ်ထင်ပါတယ်။ အဖိုးနည်းဝန်ပါပြီး အသီးတွေထဲမှာတောင် အကောင်းဆုံးလို့သတ်မှတ်ရတဲ့ သရက်သီးရဲ့ အရသာကို လူတိုင်းသိသလို သရက်သီးရဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသိအောင် ပြောပြချင်ပါတယ်။ သရက်သီးစားတဲ့သူတွေက အကောင်းဆုံး ဓာတ်စာစားသုံးသူတွေဖြစ်ပါတယ်။ အာဟာရနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဂျာနယ်ရဲ့ သုတေသနပြုချက်အရ အာဟာရဖြည့်စွက်စာ စားသုံးသူတွေနဲ့ သရက်သီးစားတဲ့သူပေါင်း ၂၉၀၀၀ ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ သရက်သီးစားတဲ့သူတွေရဲ့...

အသားအရည်လှစေမယ့် သစ်သီး (၆) မျိုး

သစ်သီးတွေက အသားအရည်ကို လှပစေနိုင်သလို လူကိုလည်း ကျန်းမာစေပါတယ်။ သစ်သီးစားသုံးခြင်းကြောင့် ကိုယ်ခန္ဓာကို သွက်လက်ပေါ့ပါးစေနိုင်ပါသေးတယ်။ ဈေးကွက်မှာ လွယ်လင့်တကူ ဝယ်ယူနိုင်ပြီး အသားအရည်အတွက် အထူးကောင်းမွန်စေတဲ့ သစ်သီးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ သင်္ဘောသီး အသားအရည်ကို ဝင်းမွတ် တောက်ပစေနိုင်ပါတယ်။ သင်္ဘောသီးမှည့်ကို ဒီတိုင်း စားနိုင်သလို ဖျော်ရည်အနေနဲ့လည်း သောက်နိုင်တဲ့အပြင် အရည်ပြားကို scrub လုပ်ပေးရင် ကြည်လင်တောက်ပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာပါ။ ၂။ ငှက်ပျောသီး နူးညံ့တဲ့...

စူပါမားကတ်တွေမှာ သစ်သီးဝလံတွေ ဝယ်တဲ့အခါ ဒီ နံပါတ်တွေ သတိပြုဖို့လို

ကျွန်ုပ်တို့ နေ့တိုင်း အစားအသောက် ဝယ်ကြပါတယ်။ သက်တမ်းကုန်ဆုံးရက်ကို ကြည့်လေ့ရှိတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်မှုရှိမရှိကိုလည်း ကြည့်ကြပေမယ့် အစားအသောက်ပေါ်က နံပါတ်တွေ ဘာကို ဆိုလိုသလဲဆိုတာ မေးဖူးကြပါသလား။ အဲဒါတွေဟာ သင် ထင်ထားတာထက် များစွာအရေးကြီးနေပါတယ်။ စူပါမားကတ်တွေမှာ သစ်သီးဝလံတွေကို ၀ယ်တော့မယ်ဆို စတစ်ကာပေါ် ပုံနှိပ်ထားတဲ့ ကိန်းဂဏန်းများက ဈေးနှုန်းသတ်မှတ်ချက် စစ်ဆေးဖို့ price look – up (PLU) လို့ သိရပါတယ်။...

အသီးတို့ရဲ့ဘုရင် ပန်းသီး

ပန်းသီးကို “God of Food”လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ စွဲဆောင်မှုရှိတဲ့ အရောင်အဆင်း၊ နှစ်လိုဖွယ် အနံ့အရသာနဲ့ ပန်းသီး ဟာထိပ်တန်းဈေးကွက်ဝင် အသီးဖြစ်ပါတယ်။ ဈေးဝယ်ရင်း၊ ခရီးသွားရင်း နီရဲရဲ ပန်းသီးများက သင့်အိတ်ထဲက ပမာဏအနည်းငယ်သော ငွေကြေးများကို ဆွဲဆောင်နေပါသလား။ မငြင်းဆန်ဘဲ ၀ယ်လိုက်ပါ။ ၀ယ်သင့်တဲ့ များပြားလှစွာသော အကြောင်းပြချက်များထဲမှ အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ အပြုံးတွေ လှစေဖို့ ပန်းသီးစားပေးခြင်းက သင့်ရဲ့သွားတွေကို သန့်ရှင်းစေပြီး ပိုဖြူ၊...