Tagged: face mask

၃ရက် အတွင်း မျက်နှာ ပေါ်က အမည်းစက် တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်း တစ်ခု

မျက်နှာ တစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီး တိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာ ပေါ်မှာ အမဲစက်ကြီး တွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။ အဲ့ဒီ့အတွက် စာရေးသူ ဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင် မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။ သံပုယိုသီး မှာ အရည်ပြား ကို လင်းပြီးဖြူလာစေပါတယ်။...

နှာခေါင်းပေါ်က အညိုအမည်းတွေပျောက်ချင်ရင်

အိပ်ချိန်ကလွဲလို့ တစ်ချိန် လုံး မျက်မှန်မချွတ်တမ်း တပ်ထား ရသူတွေကြုံရလေ့ရှိတာကတော့ နှာခေါင်းရိုးပေါ်မှာ အညိုအမည်း တွေထင်ကျန်တာပါ။ ဒါတွေကို ပျောက်ချင်ပေမယ့် ဘာလုပ်ရ မယ်မှန်း မသိသေးသူတွေ အိမ်မှာ တင် လုပ်နိုင်တဲ့ နည်းလမ်းလေး တွေကို မျှဝေလိုက်ပါတယ်။ – ရှားစောင်းလက်ပပ်ဂျယ် အနည်းငယ်ကို အညိုအမည်းရှိတဲ့ နေရာကို သုတ်လိမ်းပြီး ခြောက် သွားတဲ့အထိ ထားပြီးမှ ရေဆေး ပစ်ပါ။ – အာလူးကိုပါးပါးလှီးပြီး ညို...

လက်ငင်းအကျိုးသက်ရောက်မှုရှိတဲ့ မျက်နှာပေါ်က အမည်းကွက် ရှင်းလင်းနည်း

အလှကုန်ပစ္စည်းဝယ်ရာမှာ အသုံးစရိတ်များစွာ အကုန်အကျခံစရာမလိုတော့ဘဲ နူးညံ့ချောမွေ့တဲ့ အသားအရေပိုင်ဆိုင်လိုပါသလား။ မိမိအိမ်မှာတင် ပြုလုပ်နိုင်တဲ့အပြင် ရိုးစင်းပြီး အင်မတန်ထိရောက်တဲ့ ဒီခပ်ပျစ်ပျစ်အရည်လေးကို အကြံပြုလိုက်ပါတယ်။ ပျားရည်က ချွေးပေါက်တွေကို ကျဉ်းစေပြီး ဘက်ဘီးရီးယားပိုးတွေကို ရှင်းထုတ်ပေးပါလိမ့်မယ်။ ပျားရည်ကြောင့် သင့်အသားအရေ တင်းရင်းမှု၊ ကျုံ့ဆန့်နိုင်မှုသတ္တိနဲ့ လန်းဆန်းစိုပြေမှု ပိုရှိလာပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါက အသားအရေကျိန်းစပ်မှု လျှော့နည်းစေပြီး သွေးလည်ပတ်မှု လှုံ့ဆော်ပေးတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ ဒီအရည်ပျစ်ပျစ်လေးက အရေပြားအားလုံးနဲ့ သင့်လျှော်မှုရှိပြီး အထူးကောင်းမွန်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ·...

အသားအရေတိုင်းအတွက် သင့်တော်အဆင်ပြေစေမယ့် မျက်နှာပေါင်းတင်နည်း

သင့်မျက်နှာလေး ကြည်လင်ပြီး အသားအရေ ချောမွတ်နေစေဖို့အတွက် သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်းလေးတစ်ခု ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ သင့်အိမ်နောက်ဖေးခန်းထဲက ကြက်ဥတွေကို အသုံးပြုပြီး ဖန်တီးရမှာပါ။ ကြက်ဥမှာပါ ကြက်ဥအကာဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး ချွေးပေါက်တွေထဲက ဂျီးတွေကို ပြောင်သွားစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ရေဓာတ်လည်း ပြန်ဖြည့်ပေးနိုင်တာကြောင့် ကြက်ဥအကာကို သင့်မျက်နှာပေါင်းတင်ဖို့အတွက် အဓိကအရေးပါတဲ့ နေရာမှာ ထားလိုက်ပါ။ ဒီတော့ ထိရောက်ပြီး သင့်မျက်နှာအတွက် အထူးကောင်းမွန်တဲ့ ပေါင်းတင်ဆေးလေး ဖန်တီးဖို့ ဘာတွေလိုအပ်မလဲ ကြည့်လိုက်ကြရအောင်။ ပါဝင်ပစ္စည်းတွေကတော့ ၁။ ကြက်ဥတစ်လုံးရဲ့အကာ (ကြက်ဥတစ်ခုလုံး ဖောက်လိုက်တဲ့အခါ အနှစ်လို အ၀ါမဟုတ်ပဲ ကြည်လင်တဲ့ အရည်...