Tagged: Breast Cancer

မိခင်နိို့တိုက်ကျွေးသော အမျိုးသမီးများ ရင်သားကင်ဆာ အန္တရာယ်လျော့ကျနိုင်

ရင်သားကင်ဆာရောဂါနှင့် ပတ်သက်၍ နောက်ဆုံးသိပ္ပံနည်း ကျ လေ့လာမှုကို သုံးသပ်မှုတစ်ခုအတွင်း မိခင်နို့တိုက်ကျွေးခြင်း ကြောင့် အမျိုးသမီးများ သွေးမဆုံးမီနှင့် သွေးဆုံးပြီးနောက် ရင်သား ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်လျော့ကျနိုင်ကြောင်း ခိုင်မာ သည့် အထောက်အထားရှိကြောင်း တွေ့ရှိခဲ့သည်။ အမေရိကန် ကင်ဆာသုတေသနအဖွဲ့ (AICR)နှင့် ကမ္ဘာ့ကင် ဆာသုတေသနရန်ပုံငွေ(WCRE)တို့၏ လေ့လာမှုဆိုင်ရာ အစီရင်ခံ စာကို ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး သီတင်းပတ်ကာလ အထိမ်းအမှတ် အဖြစ် ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခြင်းဖြစ်သည်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် အမျိုးသမီးများ...

အမျိုးသမီးတွေအနေနဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားသုံးပေးရင် ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချနိုင်

ဟားဗတ်တက္ကသိုလ်က ပညာရှင်တွေရဲ့ လေ့လာချက်အရတော့ အမျိုးသမီးတွေအနေနဲ့ ငယ်ရွယ်စဉ်နဲ့ အရွယ်ရောက်ပြီးချိန်တွေမှာ  အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးပေးရင်တော့ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို ရာနှုန်း ၂၀ အထိကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အမျိုးသမီးတွေအနေနဲ့တော့ အရွယ်ရောက်ပြီးအချိန်မှာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားသုံးပေးတာက အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ရင်သားကင်ဆာဖြစ်ပွားမှုမရှိအောင်ကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာသူတွေဟာဆိုရင်တော့ အမျိုးသမီးတွေရဲ့ စားသောက်နေထိုင်ပုံတွေကို လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာချက်တွေအရတော့ အရွယ်ရောက်ပြီးချိန်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ပုံမှန် စားသုံးတဲ့အမျိုးသမီးတွေဟာဆိုရင်တော့ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို ၁၆...

အသက်အရွယ်ကြီးသော အမျိုးသမီးများအတွက် ရင်သားကင်ဆာသတိပေးချက်

ရင်သားကင်ဆာရောဂါ၏ စောစောပိုင်း သတိထားရမည့် လက္ခဏာ အချို့ကို အသက်အရွယ်ကြီးသော အမျိုးသမီးအများအပြား သတိ မမူမိကြကြောင်း စစ်တမ်းကောက်ယူမှုတစ်ခုအရ သိရသည်။ စစ်တမ်းကောက်ယူခဲ့သည့် အသက်(၇၀)ကျော်အမျိုးသမီးများ ၏ ထက်ဝက်ထက်နည်းသော အရေအတွက်ကသာ အကျိတ်အခဲ မဟုတ်သော ရောဂါလက္ခဏာတစ်ခုကို အမည်ဖော်ပြနိုင်ကြောင်း သိရသည်။ ထို့ပြင် အသက်အရွယ်ကြီးသော အမျိုးသမီးများသည် သားဖွား မီးယပ်ဆရာဝန်နှင့် သွားပြရန် ပိုမို၍ ကြန့်ကြာနေဖွယ်ရှိကြောင်း ဗြိတိန်အစိုးရအေဂျင်စီ၏ စစ်တမ်းကောက်ယူမှုတွင် ဖော်ပြထားသည်။ တစ်နှစ်တွင် ရင်သားကင်ဆာဖြစ်နေကြောင်း...

ရင်သားကင်ဆာအကြောင်းသိကောင်းစရာ

(ရှက်တာ၊ ကြောက်တာ၊ ဆေးမြီးတိုနဲ့ ကုသတာတွေဟာ ရောဂါကို ရင့်လာစေပါတယ်) ရင်သားကင်ဆာရောဂါကို စောစီးစွာကုသပါက ကုသမှု အောင်မြင်နိုင်သောကြောင့် ရင်သားကင်ဆာဖြစ်ပွားနေသည့် သံသယလက္ခဏာများကိုတွေ့ရှိပါက ဆရာဝန်နှင့် အချိန်မီပြသရန်လိုအပ်ကြောင်း ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌပါမောက္ခဒေါက်တာဒေါ်ယဉ်ယဉ်ထွန်းက ပြောသည်။ ရင်သားကင်ဆာ သံသယဖြစ်ဖွယ်လက္ခဏာများ ၁။ ရင်သား၊ ချိုင်းနေရာတွင် အလုံး၊ အကျိတ်ပေါ်လာ ခြင်း၊ ၂။ ရင်သားတွင် အရေပြားရောင်ရမ်းခြင်း၊ အရောင်ပြောင်းလာ ခြင်း ၃။ ရင်သားအရွယ်အစားပုံသဏ္ဌန်ပြောင်းလဲသွားခြင်း (အထူးသဖြင့် တစ်ဖက်တည်းပြောင်းသွားခြင်း)...