Tagged: Beauty Tips

သင့်ရဲ့ရှိရင်းရှိအသက်ထက် ပိုပြီးနုပျိုစေဖို့ လိုက်နာပေးသင့်တဲ့ အချက်(၅) ချက်

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သင့်ရဲ့ရှိရင်းရှိအသက်ထက် ပိုပြီး နုပျိုနေစေဖို့အတွက် လိုက်နာပေးသင့်တဲ့ အချက်လေး (၅) ချက်ကို မျှဝေပေးချင်ပါတယ်။ အမြဲတမ်းနုပျိုနေဖို့ဆိုရင်တော့ သင့်ရဲ့ အလှအပအတွက်သာမကပဲ သင့်ရဲ့ အတွင်းစိတ်လေး ဖြူစင်ပြီး အမြဲတမ်းပြုံးနေဖို့လည်းလိုပါတယ်။ ဘယ်လိုအချက်လေးတွေဖြစ်မလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။ ၁။ ပြုံးပါ များများပြုံးပါ။ အပြုံးက စွမ်းအားအရှိဆုံး မှော်ပညာပါပဲ။ သင့်ရဲ့ အပြုံးက သင့်ကိုပိုပြီးနုပျိုစေပါတယ်။ များများပြုံးလေ များများနုပျိုလေပါပဲနော်။ ၂။ အလှအပကိုဂရုစိုက်မယ် သင့်အသားအရေ ဆံကေသာကို...

မျက်ခုံးမွှေးဆွဲရာမှာ ပျိုမေတို့ လုပ်မိကြတဲ့ အမှားကြီး (၃) ခု

မင်္ဂလာပါနော်။ မျက်ခုံးမွှေးဆွဲရာမှာ ကိုယ်က လှတယ်လို့ထင်ရပေမယ့် သဘာဝမကျဘဲ သင့်ကို ကြည့်ရတာအဆင်မပြေစေတဲ့ အမှားတွေရှိပါတယ်။ တခါတလေ သင်သတိမထားမိဘဲ ပြုလုပ်မိတဲ့ အမှားကြီး (၃) ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီအမှားတွေကဘာတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်နော်။ ၁။ မျက်ခုံးမွှေးကို ထူထူပိတ်ပိတ်ဆွဲခြင်း မျက်ခုံးမွှေးဆွဲရာမှာ သင့်မျက်ခုံးမွှေးအလယ်ကနေ အနောက်ဖက်ကို ခပ်ဖွဖွလေးအရင်ဆွဲပေးပါ။ ပြီးရင် မျက်ခုံးမွှေး ခြစ်တဲ့ Brush နဲ့ မျက်ခုံးမွှေးအစပိုင်းကို အပေါ်လေးထောင်သွားအောင် ခပ်ဖွဖွလေး ခြစ်ပေးလိုက်ပါ။ ပြီးရင်တော့...

အသားအရေမှာ အဖြူရောင် အဖုလေးတွေ ဖြစ်နေတာတွေအတွက် နည်းလမ်းကောင်းလေးတွေ

မင်္ဂလာပါနော်။ အသားအရေနဲ့ ပတ်သက်လို့ ကျွန်မတို့ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုထဲမှာ အခုလို အသားအရေပေါ်မှာ အဖြူရောင် အဖုလေးတွေဖြစ်နေတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ။် တချို့ကတော့ ငယ်စဉ်ကတည်းက ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ အဓိကကတော့ သင့်အရေပြားနဲ့ အပြင်ဖက် အလွှာမှာ ပရိုတင်ဓာတ်နဲ့ Keratin ဓာတ်တွေရှိနေလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလို အဖြူရောင် (သို့) နု့နှစ်ရောင် အဖုလေးတွေအဖြစ် မြင်နေရတာဖြစ်ပါတယ်။ အရွယ်ရသူတွေ အခုလိုဖြစ်ရတာကတော့အသားအရေကို ဂရုမစိုက်ခြင်း၊ နေလောင်ခြင်း၊ အရည်ကြည်ဖုလေးတွေဖြစ်နေခြင်း၊...

သင့်ကို မိဖုရားလေးတစ်ပါးလို လှသွားစေမယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်းများ

အမျိုးသမီးတွေအတွက် အသားအရေ ကြည်လင်လှပတာမျိုးကိုလိုချင်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်လိမ်းတာဟာ အသားအရေကို ပိုပြီးနုပျို စေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ပိုပြီး ကျက်သရေရှိ လှပစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။ ၁။ လှပတဲ့ Eyeliner မိတ်ကပ်လိမ်းရာမှာ မျက်လုံး မိတ်ကပ်ကလည်း မပါမဖြစ်ပါပဲနော်။ Eyeliner ဆိုးတဲ့နေရာမှာ မျက်လုံးကို စင်းပြီး ဆိုးပေးပါ။ ၂။ နူးညံ့လှပတဲ့ အသားအရေ အမျိုးသမီးတိုင်း အသားအရေကို နူးညံ့...

ကျန်းမာစိုပြေပြီး အသားအရေကြည်လင်စေဖို့ နေ့တိုင်းပြုလုပ်ရမယ့် အသားအရေထိန်းသိမ်းနည်း (၅) သွယ်

အားလုံးပဲမင်္ဂလာပါနော်။ MyStyle Myanmar ရဲ့ စာဖတ်သူတွေထဲမှာ အလှအပကိုကြိုက်ကြသူတွေများပါတယ်။ မိတ်ကပ်မပါဘဲ လှနေစေဖို့ ဒါမှမဟုတ် မျက်ခုံးလေးဆွဲလိုက်ရုံ၊ နှုတ်ခမ်းနီလေး ပါးပါးဆိုးလိုက်ရုံနဲ့ ပြည့်စုံတဲ့ အလှတရားပိုင်ဆိုင်ဖို့ဆိုတာ အသားအရေလှနေစေဖို့လိုပါတယ်။ အသားအရေထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပြီး အသားအရေလှစေဖို့ သင့်ရဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲသင့်ပါတယ်။ – စိတ်ဖိစီးမှုကိုလျှော့ချခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ မိတ်ဆွေတွေနဲ့ အချိန်ပေးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတွေပါပဲ။ ဒါ့အပြင် အစာအာဟာရ ညီညွှတ်မျှတအောင်စားပေးဖို့လိုပါတယ်။ ကဲအသားအရေလှချင်တဲ့ ပျိုမေတို့ရေ...