Tagged: Alcohol

အားလပ်ရက်တွေမှာ အရက်ဘီယာ အလွန်အကျွံ သောက်သုံးခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ ဆက်စပ်နေ

သင့်အားလပ်ရက်တွေမှာ လူမှုရေးအရ သွားရောက်ရတဲ့ ပွဲတက်အခမ်းအနားတွေ များပြားလာတာနဲ့အမျှ သင့်ရဲ့ အရက် ဘီယာ အစရှိတဲ့ အယ်လ်ကိုဟော သောက်သုံးမှုနှုန်းဟာလည်း မြင့်တက်လာနေတယ်ဆိုတာကို သင်သတိထားမိပါရဲ့လား။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပွဲတက်အခမ်းအနားတွေမှာ အယ်လ်ကိုဟော သောက်သုံးမှုကို အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်ခြင်းအားဖြင့် စိတ်မတည်မငြိမ်ဖြစ်မှု အပါအ၀င် စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အရက် ဘီယာ အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်မှုနှုန်းများတဲ့ အဖျော်ယမကာတွေ အလွန်အကျွံသောက်သုံးခြင်းဟာ စိတ်မတည်မငြိမ်ဖြစ်မှုကို ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။...

ကိုယ်အလေးချိန်ထိန်းသိမ်းသူတွေ ရွေးချယ်သောက်သုံးသင့်တဲ့ အရက်ပြင်းများ

ကိုယ်အလေးချိန်တက်တဲ့ကိစ္စက သိမ်မွေ့နက်နဲတဲ့အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ အစားသောက်တွေ ဂရုစိုက်ကောင်း ဂရုစိုက်ပါလိမ့်မယ်။ ဒါပေမယ့် ဘီယာသောက်နေသေးတယ်ဆိုရင် ကိုယ်အလေးချိန်လျှော့နည်းကျဆင်းဖို့ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ သတင်းကောင်းကတော့ အရက်ပြင်းသောက်လို့ရသေးတယ်ဆိုတာပါပဲ။ အဆီ မတက်စေပါဘူး။ ဒီနေရာမှာ သိထားရမှာက ဘီယာအပါအဝင် သကြားဓာတ်များတဲ့ အချိုရည်၊ ယမကာတွေ ရှောင်ကြဉ်ရပါမယ်။ ဘီယာအစား အပြင်းပဲ သောက်ပါ။ အရက်ပြင်းမှာ ကစီဓာတ်တွေ မပါပါဘူး။ သကြားဓာတ်ပါပေမယ့် သဘာဝဖြစ်ပြီး ဘယ်ရီသီး၊ ကြံရည်၊ သစ်သီးနဲ့ ဂျုံတို့ကနေ...

အရက်သောက်ခြင်းကြောင့် ဗီတာမင်စီ စုပ်ယူနိုင်သည့် သရက်ရွက်၏စွမ်းရည် အားနည်းစေနိုင်

အရက်ပုံမှန်သောက်ခြင်းကြောင့် ဗီတာမင်စီစုပ်ယူနိုင်သည့် သရက် ရွက်၏စွမ်းရည်များကို အားနည်းစေနိုင်သဖြင့် သရက်ရွက်နှင့် ဆက် စပ်သော ရောဂါများဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခု က ဖော်ပြသည်။ သရက်ရွက်သည် အစားအစာများကို ချေဖျက်ရာတွင် သုံးသည့်အင်ဇိုင်းများနှင့် အစားအစာမှ စွမ်းအင်ကို သိုလှောင်ထားရန် လိုအပ်သည့် အင်ဆူလင်ကဲ့သို့ ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။ သရက်ရွက်ရောဂါများဖြစ်ပွားခြင်းနှင့် သရက်ရွက်ပျက်စီးခြင်း တို့ဖြစ်ပေါ်ပါက အစာချေဖျက်မှုဆိုင်ရာ ပြဿနာများ၊ အာဟာရ ချို့တဲ့မှုများနှင့် ဆီးချိုရောဂါတို့ဖြစ်ပွားလာနိုင်သည်။ ဗီတာမင်စီနှင့် အခြားမရှိမဖြစ် လိုအပ်သော...

တံတွေးကိုစစ်ဆေးခြင်းဖြင့် အရက်သောက်ထားခြင်း ရှိမရှိ (GHB)ကို လျင်မြန်စွာ သိရှိနိုင်

Cordoba တက္ကသိုလ် နှင့် Loughborough တက္ကသိုလ်က သုသေတနပြုသူတွေဟာ တံတွေးကိုစစ်ဆေးပြီးတော့ အရက်နဲ့မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်းရှိမရှိကို   စစ်ဆေးနိုင်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ GHB ကို ၁၉၉၀ ခုနှစ်တွေမှာ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့အတွက် အသုံးပြုခဲ့ကြပေမယ့် ၂၀၀၀ ခုနှစ်မှာတော့ တရားမ၀င်ဆေးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ GHB ဟာ တားမြစ်ဆေးအဖြစ် လူသိများလာပြီး အရောင်၊အနံ့ ၊ အခြားသောက်စရာတွေနဲ့ ရောထည့်ပါရင်လည်း အရသာမဲ့ဖြစ်တာကြောင့် လူသုံးများတဲ့...