သင့်ခြေဖ၀ါးလေးတွေကို ဘယ်လို အနားပေးမလဲ

သင့်ရဲ့မျက်နှာဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက်အလေးထားရဆုံးအစိတ်အပိုင်းပါ..မျက်နှာပြီးမှ ကိုယ်လက်၊အသားအရေ၊ခြေထောက်စတာတွေ ကို ဒုတိယဦးစားပေးရပါတယ်..
သင့်ဘ၀ရဲ့နေ့စဉ်လူနေမှုဘ၀မှာ စိတ်သွားတိုင်းကိုယ်ပါအောင်ဆောင်ရွက်ပေးနေတဲ့  ခြေဖ၀ါးလေးတွေကို တခါတလေ ဒီနည်းလေးသုံးပြီး ကြင်ကြင်နာနာဂရုစိုက်ပေးလိုက်ပါ…

လိုအပ်သောပစ္စည်းများ
၁။ရေ ၁ဂါလံ
၂။ဆားအနည်းငယ်
၃။ဂျင်းမှုန့် (စားပွဲတင်ဇွန်း ၂ဇွန်း)
၎။လီမွန် (၁)လုံး

သင့်ခြေကျင်းဝတ်မြုပ်နိုင်တဲ့ရေနွေးပမာဏကို ဇလုံထဲမှာထည့်ပါ..(ရေနွေးထည့်တာက ပျော်ဝင်လွယ်စေရန်ဖြစ်ပါတယ်)..အပူမလောင်စေရန်အရမ်းပူလွန်းတာမသုံးပါနှင့် လီမွန် တစ်လုံးကိုညှစ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ ဂျင်းမှုန့် စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပါ။ထို လေးမျိုးရောမွှေပြီးသင့်ခြေထောက်များ ခြေကျင်းဝတ်မြုပ်သည်အထိ ထည့်စိမ်ပါ..
၁၀မိနစ်မှ မိနစ် ၂၀ အထိအနားပေးခြင်းဖြင့် ချောမွေ့လှပကျန်းမာသော ခြေဖ၀ါးလေးများပိုင်ဆိုင်နိုင်ကြပါစေ။

ref:webmd

You may also like...