ခြေစွယ်ငုပ်ပြီဆိုရင်

Pedi Care
ခြေစွယ်ငုပ်တာဟာ ခြေ သည်းအစွန်းအစလေးက ရှည် လာကာ အသားကိုထိုးရာကနေ နာကျင်ရောင်ရမ်းပြီး ပြည်တည် နာအထိဖြစ်ပါတယ်။ ခြေချောင်း တွေကို ကျပ်ညပ်စေတဲ့ ရှူးဖိနပ် အစီးများရင်ပဲဖြစ်ဖြစ်၊ အားကစားဖိနပ် တစ်ချိန်လုံးစီးပြီး ခြေ ထောက်အားပြု လှုပ်ရှားနေတဲ့ အားကစားသမားတွေ ခြေစွယ် ငုပ်တာပဲဖြစ်ဖြစ်၊ ခြေစွယ် မငုပ်အောင်နဲ့ ခြေစွယ်ငုပ်ပြီဆိုရင် လည်း ဘာတွေလုပ်နိုင်တယ်ဆို တာ ဖော်ပြပေးလိုက်ပါတယ်။

ခြေစွယ်ငုပ်နေတာကို သက် သာစေဖို့ဆိုရင် အရင်ဆုံး ခြေ သည်းတွေ ပျော့သွားအောင် ရေ နွေးနွေးထဲမှာ ဆားလေးနည်း နည်းခတ်ပြီး ခြေထောက်ကို ၁၀ မိနစ်လောက် စိမ်ထားပါ။ ခြေ ထောက်ကို ရေခြောက်အောင် သုတ်ပြီး ပိုးသတ်ထားတဲ့ ဂွမ်းစ အနည်းငယ်ကိုယူပြီး ခြေစွယ်ငုပ် နေတဲ့ ခြေသည်းအောက်နားကို ခြေသည်းကော်တံလေးနဲ့ တွန်းပြီး ဂွမ်းစသွင်းပေးပါ။ ဂွမ်းစက ခြေ သည်းကို အနည်းငယ်ကြွလာစေ တာကြောင့် ခြေသည်းစွန်းရှည် ထွက်လာတဲ့အခါ ဂွမ်းစကြောင့် အသားအနာသက်သာစေကာ ညှပ်လို့ရတဲ့အနေအထားရောက် တဲ့အထိ ဂွမ်းစလဲပေးတာမျိုး လုပ်နိုင်ပါတယ်။

နောက်တစ်မျိုးကတော့ ခြေ ထောက်ကို ဆားရေနွေးနွေးနဲ့ စိမ် ပြီး ခြောက်အောင်သုတ်ပြီးတဲ့ အခါ နာနေတဲ့ခြေသည်းကို လက် ဖက်ဆီ ဒါမှမဟုတ် မင်သော်၊ ဖယောင်းဆီသုတ်လိမ်းပြီး ခြေ သည်းကော်တံလေးနဲ့ ခြေသည်း အစွန်းကို ကော်ထုတ်ပြီး ညှပ်ပစ် ကာ အရက်ပြန်သုတ်ပြီးထားရင် သက်သာစေပါတယ်။

ဒီလိုနည်းတွေနဲ့ မရတော့ဘဲ ခြေချောင်းကိုထိလိုက်ရင် ပူနေ တာမျိုး၊ ခြေချောင်းကြီးနီကာ နာကျင် ရောင်ရမ်းပြီး ပြည်တည် နာအထိဖြစ်လာရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုဖို့လိုပါတယ်။

ခြေစွယ် မငုပ်အောင်ကတော့ ခြေသည်းကို အရမ်းတိုလွန်းအောင် ညှပ်တာတို့၊ ဘဲဥပုံညှပ်တာမျိုး မလုပ်သင့်ပါဘူး။အဲဒီလိုညှပ်ထားရင် ခြေသည်းရှည်လာတဲ့အခါ အစွန်းတွေထွက်လာပြီး ခြေထောက် အသားထဲကိုထိုးဝင်လာနိုင်လို့ပါ။

ဖိနပ်ကြောင့်လည်း ခြေစွယ် ငုပ်နိုင်တဲ့အတွက် ခြေသည်းတွေကို ညပ်နေစေတဲ့ ရှူးဖိနပ်တွေကို တစ်ချိန်လုံးစီးထားတာမျိုးမလုပ်ဘဲထိပ်ပွင့်ရှူးဖိနပ်တို့၊ အစွပ်ဖိနပ်တို့ ရံဖန်ရံခါစီးဖို့လိုပါတယ်။
Cr:7day

You may also like...