မုန်လာဥနီ ဘာလို့ပုံမှန်စားသင့်သလဲ

getty_rf_photo_of_salmon_and_seasonings

မုန်လာဥနီလေးများကို စွပ်ပြုတ်၊ အရွက်သုပ်၊ သဘောင်္သီးသုပ်၊ ဖျော်ရည် နှင့် ကိတ်တို့မှာ ထည့်သုံးရုံသာမက မျက်လုံး၊ အသားအရေ၊ သွား နဲ့ အစာချေ
စနစ် စတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်..

၁။ ဥနီမှာ ဗီတာမင် A ပါဝင်တဲ့အတွက်ကျန်းမာလှပတဲ့အသားအရေအတွက် စားပေးသင့်ပါတယ်..

၂။ ဥနီမှာ ပါဝင်တဲ့ ဗီတာမင် နဲ့ အင်ဇိုင်းတို့ဟာ အစာချေဖို့အတွက် အဓိကထောက်ပံ့ပေးပါတယ်.. ဥနီကိုပုံမှန်စားခြင်းဖြင့် အစာချေစနစ်ကိုကူညီပြီး အစာအိမ်နာရောဂါမှ ကာကွယ်ပေးပါတယ်..

၃။ဥနီမှာ အယ်လ်ကာလိုင်းဓာတ်ပေါများပါတယ်..သွေးအတွင်းရှိ အက်ဆစ်ဓာတ်နှင့် အယ်လ်ကာလိုင်းဓာတ်တို့ကို ထိန်းညှိပေးပြီး သွေးသားသန့်စေပါတယ်..

၎။ဥနီမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က ဆိုဒီယမ်ပမာဏကိုထိန်းပေးပြီးခန္ဓာကိုယ်တွင်းရှိသွေးဖိအားကို လျော့နည်းစေပါတယ်…

၅။သင့်ခံတွင်းထဲမှာရှိတဲ့ပိုးများကို သတ်ပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးပါသည်..

၆။ဥနီကို အစိမ်းလိုက်ကိုက်စား၍ဖြစ်စေ၊ အမျှင်လိုက်ခြစ်၍ဖြစ်စေစားခြင်းဖြင့် ထိခိုက်ခြနာကြောင့်ယောင်ယမ်းမှု၊ ဒဏ်ရာတို့ကို မြန်မြန်ပျောက်စေသည်

၇။သွေးတွင်းသကြားပါဝင်မှုကို ထိန်းပေးသည်..

၈။အူမကြီးကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးသည်…

၉။အမျှင်ဓာတ်ပေါများပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်…

၁၀။သင့်မျက်လုံး၊ အသားအရေ၊ဆံပင်၊လက်သည်းစသည်တို့၏ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးပါသည်…

ref:care

You may also like...