အသက်အရွယ်ထက် ပတ်ဝန်းကျင်ကို အကျိုးပြုသူဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အေးဝတ်ရည်သောင်း

ကောလာဟလနှင့် ပတ်သက်၍ တတ်နိုင်သလောက် ဖြေရှင်းသည့်အပြင် မည့်သည့်အ ခက်အခဲမဆို ကျော်ဖြတ်ရခြင်းကို သဘောကျကြောင်းသရုပ်ဆောင် အေးဝတ်ရည်သောင်းက ပြော သည်။

‘‘ဝေဖန်မှုနဲ့ ပတ်သက်ပြီး ကိုယ့်အပေါ်ကောင်းတယ်၊ ဆိုး တယ် ဝေဖန်တာကို သဘောကျ ပါတယ်။ ကောင်းတဲ့ သူတစ် ယောက်တည်းဖြစ်နေရင်လည်း အပေါ်မတက်နိုင်ဘူး။ ကောင်း တဲ့သူရော၊ ဆိုးတဲ့သူရောရှိမှ အ ပေါ်ကိုပျံတက်နိုင်မှာပါ။ ကောင်း တဲ့သူရှိနေတာလည်းသဘောကျ တယ်။ ဆိုးတဲ့သူရှိနေတာလည်း  သဘောကျတယ်’’ ဟု ၎င်းကပြော သည်။ပြီးခဲ့သည့်လက ၎င်း၏(၃၄)နှစ်ပြည့် မွေးနေ့နှင့်ပတ်သက်၍  ဝေဖန်မှုများအပေါ် ၎င်းက  မွေး သက္ကရာဇ်ပါသော မှတ်ပုံတင်ကို လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။

‘‘တကယ်တမ်းတော့ဘ၀မှာ  အသက်ထက်ကိုယ်ကပတ်ဝန်း ကျင်ကို ဘယ်လောက်ထိအကျိုး ပြုတဲ့သူဖြစ်မှာလဲ၊ ဘယ်လောက် ထိကောင်းတဲ့သူဖြစ်မှာလဲဆိုတာ က ပိုပြီးအရေးကြီးပါတယ်။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးကျွန်မက ဘာ  မှမဖြစ်ဘူး။ အဖေက စိတ်မ ကောင်းဖြစ်တာပါ။ သမီးကို အ သက် (၄၀) လို့ ပြောနေတယ် တဲ့။ ကိုယ်အသက်ကြီးသွားလို့ မ ဟုတ်ဘူး။ သူအသက်ကြီးသွား လို့။ အဲဒါကြောင့်တင်ပေးလိုက် တာပါ’’ ဟု ၎င်းကပြောသည်။

လူမှုကွန်ရက်တွင် ဝေဖန်မှု၊ တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး သဘောကျကြိုက်နှစ်သက်သည့် ကွန်မန့်ပိုင်ရှင်များကို သူငယ် ချင်းအဖြစ် သွားရောက် add  ဖြစ် သည်ဟုဆိုသည်။

‘‘ပရိသတ် Feedback ထဲ မှာဆို နည်းနည်းဆန်းဆန်းပြား ပြားလေးရေးထားတာလေးတွေ၊  ပုံမှန်နဲ့မတူတဲ့ ဟာလေးတွေဆို ပေါက်စီ သဘောကျတယ်။  screenshot ရိုက်ပြီး သိမ်းထား တာမျိုးရှိတယ်။ တချို့ အရမ်း သဘောကျတဲ့ ဟာလေးတွေ့ရင် တချို့သူငယ်ချင်းတွေ unfriend  လုပ်ပြီး သူတို့ကို add လိုက် တယ်’’ ဟု ၎င်းကပြောသည်။

ယခင်က မိဘများဆုံးမလျှင် နားမထောင်ဖြစ်သော်လည်း အ သက်ကြီးလာသည်နှင့်အမျှ မိဘ နေရာက ခံစားပေးနိုင်သော ကြောင့် မိဘစကားကို ယခုအ သက်အရွယ်၌ ပို၍ နားထောင် ဖြစ်သည်ဆိုသည်။

‘‘မိခင်တွေနေရာကနေခံစား ပေးလာနိုင်တယ်။ ပိုပြီးတော့ ကိုယ်ချင်းစာတတ်လာတယ်။ ပြီး တော့ ကိုယ့်အောက်မှာအငယ်က လည်းရှိတာကိုး။ တစ်ခါတစ်ရံ ကိုယ်ပြောလိုက်တဲ့ အခါအငယ် က ပြန်ပြောရင်တောင်သိပ်မ ကြိုက်ဘူးဆိုတော့ ကိုယ့်အမေဆို  ဘယ်လိုနေမလဲဆိုတဲ့စိတ်နဲ့ ဆင် ခြင်ဖြစ်တယ်။တစ်ခါတလေ မိဘ ပြောတဲ့အချိန်မှာ ကိုယ်မကြိုက် တာတွေပါရင်တောင်မငြင်းတော့ ဘူး။ နားထောင်လိုက်တာပဲများ ပါတယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင်ကြော်ငြာနှင့် ဓာတ်ပုံရိုက်ခြင်းတို့ အဓိက လုပ်ကိုင်ဖြစ်ပြီး သြဂုတ်တွင် ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးရန် လက်ခံထားကြောင်း အေးဝတ် ရည်သောင်းကပြောသည်။

Credit : 7 Day

You may also like...