ပုပ်ရဟန်းမင်းကြီး တရားပွဲမှာ ဓမ္မတေး သီဆိုခဲ့တဲ့ ပန်းရောင်ခြယ်

ပုပ်ရဟန်းမင်းကြီး၏ လူထုမစ္ဆားတရားပွဲ၌ ဖခင်နှင့် အတူ ပါဝင်ဖျော်ဖြေခွင့်ရခဲ့သလို နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ် သည့် Youth Mass (လူငယ်ထုနှင့် ဝတ်ပြုဆုတောင်းပွဲ)တွင်လည်း ဆာလံသီချင်း သီဆိုခွင့်ရရှိခဲ့ ကြောင်း ပန်းရောင်ခြယ်ကပြော ကြားသည်။

နိုဝင်ဘာ ၂၉ ရက်က ပြု လုပ်သော ပုပ်ရဟန်းမင်းကြီး၏ လူထုမစ္ဆား တရားပွဲ စီစဉ်သည့် ဖာသာများက ၎င်း၏ ဖခင်နှင့် အတူ gospel songs (ဓမ္မတေး များ) သီဆိုရန် ကမ်းလှမ်းသော ကြောင့် ပါဝင်ခြင်းဖြစ်ပြီး Be Born In Me နှင့် Hallelujah သီချင်းနှစ်ပုဒ် သီဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပထမဆုံး တစ်ကိုယ်တော်စီးရီးခွေအတွက် ပြင်ဆင်နေပြီး လာမည့်နှစ် နှစ် ဆန်း၌ ထွက်ရှိနိုင်ရန် ကြိုးစား နေကြောင်း ပန်းရောင်ခြယ်က ပြောသည်။

ပန်းရောင်ခြယ်သည် ဖခင် ဂရေဟမ်နှင့် Wake Up Daddy စီးရီးခွေ ထွက်ရှိထားပြီး အတွဲခွေ အချို့တွင်လည်း ပါဝင်သီဆိုထား သည်။

Cr : 7 day

You may also like...