ချစ်သူ ရဲရင့်အောင်ရဲ့ မထင်မှတ်တဲ့ surprise ကြောင့် ဝမ်းနည်းပျော်ရွှင်ခဲ့ရတဲ့ ဧငြိမ်းဖြူ

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ကိုယ်စီနဲ့ သူငယ်ချင်းတွေ အဖြစ်ကနေ ချစ်သူတွေ ဖြစ်လာခဲ့ကြတဲ့ အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူ တို့ စုံတွဲလေးက ချစ်သူသက်တမ်း တစ်နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့မှာ ရဲရင့်အောင်က ထင်မှတ်မထားမိတဲ့ Surprise ကြောင့် ဧငြိမ်းဖြူတစ်ယောက် ဝမ်းနည်း ဝမ်းသာဖြစ်ပြီး အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။

ဧငြိမ်းဖြူ ဝမ်းနည်းစေလောက်အောင် ရဲရင့်အောင် ပေးလိုက်တဲ့ Surprise ကတော့ လက်ဖျံပေါ်မှာ သူတို့စုံနွဲ ပုံလေးကို တက်တူးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူတစ်ယောက် ပြောစရာ စကားလုံးမရှိလောက်အောင် ပျော်ရွှင်တယ်ဆိုတာထက် ဝမ်းနည်းနေပါတယ်တဲ့လေ။

Cr : Lwin Pyin

You may also like...