Category: Skin & Body

ဆံဖျားမှ ခြေဖျားအထိ လှပနေစေဖို့ လက်လွတ်မခံသင့်တဲ့ နည်းလမ်းကောင်းလေးတွေ

အားလုံးပဲမင်္ဂလာပါနော်။ သင့်ဆံဖျားမှ ဖြေဖျားလေးတွေအထိ လှပနေစေဖို့ လက်လွတ်မခံသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ၁။ နူးညံ့တဲ့ ခြေထောက်လေးတွေအတွက် သကြား၊ သံပရာရည် ရောပြီး သင့်ရဲ့ ခြေဖဝါးကနေ ခြေသလုံးအထိ သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ လက်ကိုလည်း အလားတူလုပ်နိုင်ပါတယ်။ ၂။ ဆံကေသာ ငှက်ပျောသီး ၁ လုံး၊ ကြက်ဥ ၁ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁...

ခြောက်သွေ့တဲ့နှုတ်ခမ်းသားတွေကို ပြန်လည်ဖူးအိလာစေဖို့ လုပ်ဆောင်နိုင်မယ့်အိမ်တွင်းနည်းလမ်းလေးတွေ

ခြောက်သွေ့သည့်နှုတ်ခမ်းသားများသည် မကြာခဏကွဲအက်ပြီး နာကျင်ဝေဒနာခံစားရတတ်ပါတယ်။ နှုတ်ခမ်းသားတွေ ကွာကျပြီး အလွယ်တကူကွဲအက်သွေးထွက်ပါတယ်။ ရာသီဥတု၊ ရေဓာတ်ကုန်ခန်းခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့် အဓိကဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ထိုသို့လက္ခဏာရပ်များ ဖြစ်ပေါ်လာတာကို သေသေချာချာမကုသပါက နာကျင်ဝေဒနာခံစားရသည့် အခြေအနေတွေကို ပေါ်ပေါက်လာစေနိုင်ပါတယ်။ ထို့ကြောင့် ယခုဖော်ပြမည့် အိမ်တွင်းနည်းလမ်းလေးတွေကို အသုံးပြုပြီး ခြောက်သွေ့တဲ့နှုတ်ခမ်းတွေကို အလွယ်တကူသက်သာရာရအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သကြား+ပျားရည် သကြားသည် အသားအရေရှိဆဲလ်သေများကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသားများ နူးညံ့စိုပြေမှုရှိအောင် ပျားရည်ကဆောင်ရွက်ပေးပါတယ်။ သကြားနှစ်ဇွန်းကို ပျားရည်တစ်ဇွန်းဖြင့် ရောမွှေကာ နှုတ်ခမ်းကိုလိမ်းပေးပါ။...

နှာခေါင်းပေါ်က ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ

ဆားဝက်ခြံပေါက်တာဟာ အလှပကြိုက်တဲ့သူတွေအတွက် အရမ်းကို စိတ်ရှုပ်စရာကောင်းလှပါတယ်။ သင့်အသားအရေကို ကြည်လင်မှုမရှိစေသလို မိမိကိုယ်ကိုယုံကြည်မှုလည်း လျော့စေပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ဆားဝက်ခြံတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။ Baking Soda ( မုန့်ဖုတ်ဆိုဒါ) စားပွဲတင်ဇွန်း ၁ ဇွန်း ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ပြုလုပ်နည်း ခွက်တစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါထည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါဟာ ခြောက်သွေ့တဲ့ အသားအရေကို...

လည်တိုင်းနားတစ်ဝိုက် ညိုမည်းတာကို သဘာဝနည်းလမ်းနဲ့နှုတ်ဆက်ကြရအောင်

မျက်နှာကိုပဲ ဂရုစိုက်ရင်း ငွေတွေ အများအပြား အသုံးပြုကြပေမဲ့ လည်ပင်းကို ဂရုစိုက်ဖို့ မေ့လျှော့နေတတ်ကြပါတယ်။ မိတ်ကပ်လိမ်းရင်တောင် လည်ပင်းကိုလိမ်းပေးဖို့ မေ့တတ်ကြသူတွေရှိပါတယ်။ ဒီတော့ မျက်နှာပဲဖြူပြီး လည်ပင်းကြီးမည်းနေရင်လည်း အဆင်မပြေပါဘူး။ လည်တိုင်ဖြူဖြူလေးကိုပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းကို အသုံးပြုရအောင်ပါ။ ပြုလုပ်နည်း ၁ မှုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ပြုလုပ်နည်း ပါဝင်ပစ္စည်းအားလုံးကိုရောပြီး...

ချိုင်းကြားမဲ နက်ခြင်း ကင်းဝေးစေဖို့

လူကြားထဲမှာ ချိုင်းကြားလေးတွေ မဲနေလို့ အရှက်မကွဲရလေအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ပျိုမေလေးတွေ ဘတ်စ်ကားတို့၊ ရထားတို့လို public area မျိုးမှာ ချိုင်းပေါ်စေတဲ့ အင်္ကျီမျိုး ဝတ်လာမိရင် လက်မြှောက်ရတဲ့အချိန်မျိုး (ဥပမာ… လက်ကိုင်ကွင်းကိုင်တာမျိုး) ကြုံရတဲ့အခါ ချိုင်းကြားလေးတွေက မဲနေရင် ဒါမှမဟုတ် အမဲစင်းတွေ ပေါ်နေရင် ရှက်စရာကောင်းပါတယ်နော်။ ကောင်လေးချောချောလေးတွေရှေ့မှာ မတ်တတ်ရပ်စီးမိရင် ပိုတောင်ဆိုးပါသေးတယ်။ ဒီလိုအဖြစ်မျိုး မကြုံရလေအောင် ချိုင်းကြားမဲနက်ခြင်းကို ကူညီတိုက်ဖျက်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ...