2015အတွက် အကောင်းဆုံး Makeup Brand ၁၀ မျိုး

ယောကျာင်္းလေးပဲဖြစ်စေ၊ မိန်းခလေးဖြစ်စေ ကိုယ့်ရဲ့အလှအပကို ဦးစားပေးကြမှာ…ယောကျာင်္းလေးတွေနဲ့ယှဉ်ရင်တော့ မိန်းခလေးတွေက အလှအပကိုပိုမိုစိတ်ဝင်စားတတ်ကြပါတယ်..အလှအပအတွက်ဆို ဘယ်လိုပစ္စည်းတွေသုံးရမလဲလို့စပ်စုတတ်တဲ့နေရာမှာဘယ်တော့မှ နောက်ကျတတ်တဲ့သူတွေမဟုတ်ပါဘူး..သင်ဟာအလှအပစိတ်ဝင်စားတဲ့ မိန်းခလေးဆိုရင်တော့ ဒီအလှကုန်ပစ္စည်းတွေအကြောင်းသိထားသင့်ပါတယ်…

အလှကုန်ပစ္စည်းတွေဟာ ကိုယ့်ကို အပြင်ထွက်တဲ့အခါတိုင်းယုံကြည်မှုရှိအောင်ကူညီပေးတဲ့အဓိက ပံ့ပိုးတဲ့အရာတွေပါ..ကိုယ့်ကိုအမြဲ ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုရှိအောင်၊ ကြည့်ကောင်းအောင်ကူညီပေးပါတယ်..မိန်းခလေးတွေရဲ့
လိုအပ်ချက်ကို အဓိကထားပြီး  ကမ္ဘာပေါ်မှာ Makeup Brand များစွာ ထွက်ပေါ်လို့လာပါတယ်..ဒါပေမယ့် ဘယ် တံဆိပ်၊ အမျိုးအစားကို သုံးရမလဲဆိုတာ ရွေးဖို့အတော်ခက်ပါတယ်… ကိုယ့်အသားအရေနဲ့ကလည်း လိုက်ဖက်တဲ့တံဆိပ် အမျိုးအစားကို ရွေးချယ်တတ်ဖို့လဲလိုပါတယ်..

ကမ္ဘာတ၀န်းမှာရှိတဲ့ ၀ယ်သူတွေအတွက် မိတ်ကပ် အမျိုးအစားတံဆိပ်ပေါင်းစုံဟာ သူတို့နည်း သူတို့ဟန်နဲ့ နာမည်ကြီးအောင် ကြော်ငြာကြပါတယ်..အဲဒီအခါ ဘယ်တံဆိပ်သုံးရမလဲလို့ ပိုပြီးရွေးရခက်စေပါတယ်..အရည်အသွေးမှန်ပြီး ယုံကြည်စိတ်ချစွာ အသုံးပြုချင်သူများအတွက် 2015အတွက် အကောင်းဆုံး Makeup Brand ၁၀ မျိုး ကိုဖော်ပြပေးလိုက်ပါတယ်…

N0 10: Revlon
ထုတ်လုပ်သည့်နိုင်ငံ : United State
Brand ၏တန်ဖိုး : $982 Million
Brand Rating : AAA

R

သူ့ရဲ့သက်တမ်းက နှစ်ပေါင်းများစွာကြာမြင့်ပြီး ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်.. လူငယ်တွေကို အဓိက ရည်ရွယ်ပြီးထုတ်လုပ်တာကတော့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ eye shadow, eye liner,Makeup တို့ဖြစ်ပါတယ်..
ခုနောက်ပိုင်း Skin Care ပါထပ်ပြီးထုတ်လုပ်ပါတယ်…

No 9: Clinique
ထုတ်လုပ်သည့်နိုင်ငံ : United States
Brand ၏တန်ဖိုး : $ 1,077 Millions
Brand Rating : AAA-

9-300x150

အသားအရေအတွက် allergy-free စမ်းသပ် ထုတ်လုပ်တဲ့ မိတ်ကပ် Brand တွေထဲမှာ Clinique ကပထမဆုံးစခဲ့တာပါ…ကမ္ဘာတ၀ှမ်းလုံးမှာ Clinique ကို ဖြန့်ဖြူးရောင်းချပါတယ်…
ဒီ brand ရဲ့ထူးခြားချက်က အသားအရေအမျိုးအစားနဲ့လိုက်ဖက်ပြီး ကုန်ပစ္စည်းထုတ်လုပ်မှုကို လည်း ခွဲခြားထုတ်လုပ်ပါတယ်..ဥပမာ။  ။ အင်္ဂလန်မှာ Clinique Store ရှိရင် အင်္ဂလန်လူထုရဲ့အများဆုံးရှိတတ်တဲ့ အသားအရေနဲ့လိုက်ဖက်တဲ့ အလှကုန်
စမ်းသပ်ထုတ်လုပ်ပြီး ရောင်းတာမျိုးပါ…တခြား brand တွေထက်စာရင် ဒီလိုထုတ်လုပ်မှုမျိုးဟာ ရှားပါးပါတယ်..ဒါကြောင့်လည်း Clinique ဟာ ကမ္ဘာနဲ.ယှဉ်ပြီး တရှိန်ထိုးလူသိများလာတာပါ…

No 8 : Cover Girl
ထုတ်လုပ်သည့်နိုင်ငံ : United States
Brand ၏တန်ဖိုး : $ 1,242 Millions
Brand Rating : AA-

8-300x150

လူသိများကျော်ကြားတဲ့ အမေရိကန် မိတ်ကပ် Brand ” Cover Girl ”ကို မသိတဲ့သူရှားပါတယ်…ဒီ brand ကိုလူသိများစေတာ ကြော်ငြာအားလည်း အရမ်းကောင်းလို့ပါ…သူတို့ရဲ့ Brand ကို လူသိများစေဖို့ နာမည်ကြီး မော်ဒယ်လ်တွေဖြစ်တဲ့
Christie Brinkley နဲ့ Tyra Banksတို့ကို သုံးထားပါတယ်..အမျိုးသမီးထုကြား ကျော်ကြားရုံမက Celebrity တွေကြားမှာလည်း ရေပန်းစားပါတယ်..

No 7 : Oriflame
ထုတ်လုပ်သည့်နိုင်ငံ : Luxembourg
Brand ၏တန်ဖိုး: $1,388 Millions
Brand Rating : AA-

best-makeup-brands-06-660x330-300x150

ဆွီဒင်လူမျိုး ညီအစ်ကိုနှစ်ဦးမှ 1967 ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါတယ်..နိုင်ငံတကာဈေးကွက်မှာ လူကြိုက်များရေပန်းစားတဲ့ Brand တစ်ခုဖြစ်ပါတယ်…Skin Care နဲ့ပတ်သက်ပြီး လူသိများတဲ့ brand တစ်ခုပါ..
သူတို့ရဲ့ကုန်ပစ္စည်းတိုင်းဟာ ရတဲ့အမြတ်ပေါ်မှာ အလှူအတွက်တစိတ်တပိုင်းပါဝင်ပါတယ်..

No 6: MAC
ထုတ်လုပ်သည့်နိုင်ငံ : United States
Brand ၏တန်ဖိုး : $ 1,639 Millions
Brand Rating : AAAA-

best-makeup-brands-09-500x330-300x198

Celebrity တွေကြားမှာ ကျော်ကြားတဲ့ Brand ဆိုရင် MAC ကမပါမဖြစ်ပါ…လူတန်းစားမရွေး အသုံးပြုကြတဲ့ MAC ဟာသုံးစွဲသူတိုင်းအတွက် စိတ်ကျေနပ်မှု အပြည့်ပေးနိုင်ပါတယ်…

No 5 : Maybelline
ထုတ်လုပ်သည့်နိုင်ငံ : France
Brand ၏တန်ဖိုး : $ 2,921 Millions
Brand Rating : AAA

5-300x157

မိန်းခလေးတိုင်းကို လှသထက်လှအောင် ကူညီပေးနေတာကတော့ Maybelline New York ပဲဖြစ်ပါတယ်…လူမျိုးမရွေးသုံးစွဲကြတဲ့ Maybelline ဟာ နိုင်ငံအနှံ့အပြားမှာ နေရာယူလျှက်ရှိပါတယ်…

4. Olay
ထုတ်လုပ်သည့်နိုင်ငံ : United States
Brand ၏တန်ဖိုး  : $ 4,083 Millions
Brand Rating : AA+

42-300x211

Olay Brand ဟာဓာတ်ခွဲခန်းမှာ သေချာစမ်းသပ်အောင်မြင်မှုရထားတဲ့ ယုံကြည်စိတ်ချစွာသုံးနိုင်တဲ့ brand တစ်ခုပါ….Olay ကထုတ်လုပ်တဲ့ Anti-Aging Product နဲ့ Skin Care တို့ဟာ ဈေးကွက်မှာ အချိန်တိုအတွင်း အောင်မြင်မှုရရှိခဲ့ပါတယ်..
အရည်အသွေးကောင်းမွန်ပြီး နိုင်ငံပေါင်း 180 ကျော်အသုံးပြုလျှက်ရှိပါတယ်..

3. Lancome
ထုတ်လုပ်သည့်နိုင်ငံ : France
Brand ၏တန်ဖိုး  : $ 4,088 Millions
Brand Rating : AAA

331-300x225

အမျိုးသမီးထုကြား လူကြိုက်များတဲ့ Visionaire  နဲ့ပတ်သက်ပြီး  Lancome Brand ကကြီးမားတဲ့ အောင်မြင်မှု ရယူထားပါတယ်.. Mascaras, Liquid Linear, Powder Eye Shadow နဲ့Lipsticks တို့ကိုလည်း လူသုံးများများတယ်.. Customer တွေအတော်များများ ထောက်ခံမှု ပေးတဲ့ Brand လည်းဖြစ်ပါတယ်..၇၅ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Lancome ဟာ သုံးစွဲသူတွေကြား ဂုဏ်သတင်းကျော်ကြားပြီး ကမ္ဘာမှာ လူသုံးများတဲ့ Brand တစ်ခုပါ…

No 2 : Avon
ထုတ်လုပ်သည့်နိုင်ငံ  : United States
Brand ၏တန်ဖိုး  : $ 6,384 Millions
Brand Rating : AA

best-makeup-brands-04-570x330-300x174

အိမ်တိုင်ရာရောက်ရောင်းဝယ် ၀န်ဆောင်မှုပေးခြင်းဖြင့် ကျော်ကြားနာမည်ရလာတဲ့ Cosmetic Brand ကတော့ Avon ဖြစ်ပါတယ်.. ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးရောင်းအားရှိပါတယ်..နိုင်ငံပေါင်း 140 ကျော်ဖြန့်ဖြူးတဲ့ ကောင်းမွန်တဲ့ Make Up Brand
ဖြစ်ပါတယ်…

No 1 : L’Oreal Group
ထုတ်လုပ်သည့်နိုင်ငံ : France
Brand ၏တန်ဖိုး : $ 10,766 Millions
Brand Rating : AAA+

best-makeup-brands-11-300x181

L’Oreal ကတော့ ကမ္ဘာ့ နံပါတ်တစ် Makeup Brand နေရာယူထားပါတယ်…ဆံပင်ဆိုးဆေးအမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းမှ စတင်ခဲ့ပြီး နောက်ပိုင်း Makeup , Skin Care, Hair Care,Perfume စပြီး ကုန်ပစ္စည်း ၅၀၀ ကျော် ကမ္ဘာအနှံ့အပြားသို့ ထုတ်လုပ်ရောင်းချလျှက်ရှိပါတယ်…

Ref:lifestyle9

 

You may also like...